Tuesday, March 22, 2011

Adobe Photoshop CS4 Extended

Adobe က CS4 ကို beta versionv အဖြစ်ထုတ်ပေးပြီးတဲ့ နောက်မှာတော့ Photoshop နဲ့ Photoshop Extended ကိုထုတ် ပေးခဲ့ပါတယ်။ Upgradev လုပ်တဲ့ ဈေးနှုန်းကတော့ Photoshop အ တွက်အမေရိကန်ဒေါ်လာ ၁၉၉ ဒေါ်လာပေးရမှာဖြစ်ပြီး Photo- hsop Extended အတွက် အ မေရိကန်ဒေါ်လာ ၃၄၉ ဒေါ်လာ ပေးရမှာဖြစ်ပါတယ်။


Adobe ရဲ့ Photoshop ဟာရုပ် ပုံတွေ တည်းဖြတ်တဲ့နေရာမှာ အ တော်ကိုအစွမ်းထက်ပါတယ်။ 64-bit Windows, Multitouch inputs တွေနဲ့ Mac ရဲ့ 16bit ကို လည်းအထောက်အပံ့ပြုပါတယ်။ Adobev ရဲ့ Extended မှာတော့ 3D ကို အတော့်ကို အထောက်အပံ့ ပြုထားတာကို တွေ့ရပါတယ်။ Photoshop ကို web သို့မဟုတ် ပရင့်မီဒီယာအတွက်သုံးမယ်ဆိုလျှင် လည်းအတော်ကိုကောင်းမွန်အောင် စီမံပေးထားပါတယ်။
Shortcut key တွေကိုသုံးစွဲ တဲ့အခါမှာ ယခင်က shortcut key တွေကိုသာသုံးစွဲရမှာဖြစ်ပေမဲ့ shortcut key တစ်ခုကိုသုံးထား တဲ့အခါမှာ အခြားတစ်ခုကို tool- bar မှာရွေးထားနိုင်တာကတော့ အတော်ကိုကောင်းမွန်ပါတယ်။ Real-time adjustments အတွက်ကတော့ photo တည်းဖြတ် မှုကိုဘဲလုပ်မည့်သူတွေအတွက်သိ စရာတွေ အများအပြားမရှိပါဘူး။ Adobe ကတော့ CS3 ထက် feature တွေအများအပြားထပ်ထည့် ပေးထားပြီး CS3 ထက် boot time မှာ ပိုမြန်ဆန်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ လုပ်ဆောင်ချက်ပိုင်းဆိုင် ရာအတွက်တော့ နောက်ဆုံး code ကို Adobe ကထုတ်ပေးတဲ့အထိ တော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Monday, March 21, 2011

ကွန်ပျူတာမှာ CD Drive ပျောက် နေသူများ အတွက်

ကွန်ပျူတာမှာ CD Drive မတွေ့ တော့တာကို ဘယ်လို ပြန်လုပ်ရမလဲ မသိသူများ အတွက် ရည်ရွယ်ပါတယ်။ သိပြီးသားသူများအတွက် တော့ သည်းခံပေး ပါ။ အခြားစက်မှာ စမ်းကြည့်တော့ ကောင်းနေပြီး မိမိစက်မှာတော့ ပျောက်ဆုံးနေသူများအနေနဲ့ ပြုလုပ်ရ မှာကတော့ -

(၁) My Computer ကို right click ထောက်လိုက်ပြီး properties ကိုသွားပါ။ My Computer> right click> hardware> device manager> DVD/CD Rom drives ကို ကြည့်လိုက်ပါ။

(၂) General မှာ This device is working properly ဆိုရင်တော့ အဆင် ပြေစွာနဲ့ Drive အလုပ်လုပ်နေပါတယ်။ disabled ဖြစ်နေလား၊ မဖြစ်နေလား သေချာအောင်ကြည့်လိုက်ပါ။

(၃) unabled ဖြစ်နေရင် disabled ပေးလိုက်ပါ။ အဆင်ပြေသွားပါလိမ့် မယ်။

၂၀၁၂ ၌ Microsoft က Windows ဗားရှင်း သစ် ထုတ်လုပ် ဖွယ်ရှိ

Microsoft က Tablet ၌ အသုံး ပြုရန် ရည်ရွယ် သည့် Windows ဗား ရှင်းသစ် တစ်ခုကို လွှင့်တင် ဖွယ် ရှိကြောင်း သိရှိရ သည်။ ယခု နောက်ဆုံးပေါ် Tablet များ၌ Windows 7 နှင့် အသုံးပြုရန် လျော်ညီမှု မရှိခြင်း ကြောင့် Windows ဗားရှင်း သစ် ထုတ်လုပ် မည့် သတင်း မှာ မှန်ကန် နိုင်ကြောင်း အကဲခတ် များက ဆိုသည်။

Windows Mobile 6 မှသည် Windows Phone 7 ထုတ် လုပ်ရန် ကာလကြာရှည်စွာ အချိန် ယူရသကဲ့သို့ Apple ၏ iOS နှင့် Google ၏ Honeycomb တို့နှင့် ယှဉ် ပြိုင်နိုင်ပြီး user များ၏ လက်တွေ့ လိုအပ်ချက် များကို ဖြည့်ဆည်းနိုင် ရန် အချိန် ကာလ အတိုင်း အတာ တစ်ခု ယူရမည် ဖြစ်သည်။

အဆိုပါ Windows ဗားရှင်း သစ် Windows 8 ကို ၂၀၁၂ ခုနှစ်၌ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းကြ သည်။ ယခင်က Windows 8 စမ်း သပ်ဗားရှင်းသစ်ကို ယခုနှစ် စက် တင်ဘာလ၌ တွေ့ရှိရမည်ဟုယူဆ ခဲ့သော်လည်း ၂၀၁၂ ခုနှစ်ထဲရောက် မှသာ ပေါ်ထွက်ဖွယ်ရှိသည်။ Microsoft ၏ Windows 8 သည် Tablet နယ်ပယ် ၌ iPad 3 နှင့်ယှဉ်ပြိုင်မည်ဖြစ်သည်။ နည်းပညာအဆင့်မြင့် Android Tablet များနှင့် RIM ၏ ဒုတိယမျိုးဆက် သစ် Play Book များ၌ အသုံးပြုမည့် အသုံးပြုရန် ရည်ရွယ်ထားသည့် Microsoft ၏ ဆတ်ခ်ျအင်ဂျင် Bing နှင့် Windows Phone 7 များမှာ ဈေး ကွက်၌၀ယ်လိုအားနှေးသော်လည်း Nokia နှင့်တွဲဖက်ပြီး ခြေလှမ်းသစ် များဖြင့် ယှဉ်ပြိုင်နိုင်ဖွယ်ရှိကြောင်း နှင့် ၎င်း၏ချို့ယွင်းချက်များမှ သင် ခန်းစာယူပြီး သည်းခံစိတ်ရှည်စွာ ကြိုးစားရန် Microsoft မှ နားလည် သဘောပေါက်ထားကြောင်း သိရှိရ သည်။

APPLE ချစ်သူ တွေကို ရင်ခုန်သံ မြန်စေ ဦးမယ့် iPAD 2




နားမဆံ့အောင် ကြားနေရတဲ့ ကောလာ ဟလတွေ၊ လည်တဆန့်ဆန့် နဲ့ စောင့်မျှော် နေကြတဲ့ ပန်းသီး ချစ်သူတွေ၊ နည်းပညာ ပစ္စည်းတွေကို ရူးသွပ်ခုံမင်ကြတဲ့ ဒီနေ့ခေတ်လူသားတွေရဲ့မျှော်လင့်ချက်တွေကို အပြည့်အဝဖြည့်စွမ်း ပေးမယ့် iPad 2 Tablet ကို Apple ရဲ့ အမှုဆောင်အရာရှိချုပ် Steve Jobs ကိုယ်တိုင် နေမကောင်းတဲ့ကြားက စတင်မိတ်ဆက် ပြသပေးခဲ့ပါတယ်။ မူလ iPad ထက်ပါးလွှာပေါ့ပါးပြီး လုပ်ဆောင်ချက် ပိုမိုမြန်ဆန်လာတာကြောင့် iPad 2 က iPad ရဲ့ရောင်းအားကို ကျော်လွန်သွားလိမ့်မယ်လို့ Steve Jobs က ဟောကိန်းထုတ်ထားပါ တယ်။ သန့်ပြန့်တဲ့အဖြူရောင်နဲ့ တောက်ပြောင်တဲ့ အနက်ရောင်နှစ်မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး ဈေးနှုန်းက လည်း ယခင် iPad အတိုင်းပဲ ရောင်းချပေးမှာဆိုတော့ ပရိသတ်စိတ်ကြိုက်ဖြစ်စေမှာပါ။

အမြန်နှုန်း

ယခင် iPad နဲ့အဓိကခြားနား ချက်ကတော့ 1 GHz A5 အမျိုးအစား Dual-Core Processor ကို ထည့်သွင်းပေးထားတာက အင်ဂျင်နှစ်လုံး တပ်ဆင် ပေးထားတဲ့ပြိုင်ကား လိုပဲ၊ အမြန်နှုန်းမှာတော့ ထိပ်တန်း ပါပဲ။ Web Page တွေဝင်ရောက် ကြည့်ရှုကာ၊ ဗီဒီယိုဖိုင်တွေ Download ဆွဲတာ၊ ကြည့်ရှုတာနဲ့ iPad 2 ရဲ့ Apps တွေအသုံးပြုတဲ့ အခါတို့မှာလည်း စွမ်းဆောင်ရည်အထူး ကောင်းမွန်လာတာ တွေ့ရပါတယ်။ ဂိမ်းဆော့တဲ့ အခါမှာလည်း ဂရပ်ဖစ် စွမ်းဆောင်ရည်က ယခင် iPad ထက် (၉) ဆပိုမိုမြန်ဆန် လာတာတွေ့ ရပါတယ်။

ကင်မရာ

720 P အပြည့် HD အရည်အသွေး ဗီဒီယိုရိုက်ကူးပေးနိုင်တဲ့ Main ကင်မရာနဲ့ 2 MP ရှိတဲ့ Front-facing ကင်မရာကို Video Chat အတွက် ထည့်သွင်းပေး ထားတာက ယခင် iPad ထက်ပိုမိုပြည့်စုံလာတဲ့ အချက်တွေပါ။ ၁၀ လက်မအပြည့် Screen ပေါ်မှာ Video Chat သုံးတဲ့အခါ တစ်ဖက် အသုံးပြုသူရဲ့ ကြည်လင်တဲ့ ပုံရိပ်က အခြားဘယ် Tablet ထက်မဆို ပိုမိုသာလွန်တယ်လို့ ဆိုပါတယ်။ တစ်ဖက်လူက ပြန်လည်ဖြေဆိုတဲ့ အပေါ် မှာ ကိုယ့်ရဲ့ပုံရိပ်ကလည်း ဘောင်သေးသေးပေါ်လာမှာ ဖြစ်ပြီး Screen ရဲ့ ဘယ်နေရာမဆို လက်ညှိုးနဲ့ရွှေ့ ပြောင်းနိုင်ပါတယ်။ ရိုက်ကူးပြီး ဓာတ်ပုံ၊ ဗီဒီယိုတွေကို စိတ်ကြိုက် Edit ပြုလုပ်နိုင်မယ့် iMobe App ကို လည်း ဒေါ်လာ (၄ .၉၉) နဲ့ဝယ်ယူ အသုံးပြုနိုင်ပြီး HDTV,Projector နဲ့ အခြားကွန်ပျူတာ ပစ္စည်းတွေနဲ့ချိတ် ဆက်အသုံးပြုနိုင်မယ့် HDMI Accessory ကိုလည်း တပ်ဆင်အသုံးပြုနိုင်ပါတယ်။

ကိုယ်ထည်ဒီဇိုင်း

မူလ iPad ထက် သုံးပုံတစ် ပုံပိုမိုပါးလွှာလာတဲ့ i Pad 2 က (၈ . ၈) မီလီမီတာသာရှိပြီး အလေးချိန် ကလည်း (၁ .၃) ပေါင်သာရှိတာ ကြောင့် (၁ .၄) ပေါင်ရှိတဲ့ယခင် iPad ထက် (၁၅) ရာခိုင်နှုန်းပိုပေါ့ လာပါတယ်။ ဒါကြောင့်လည်း Steve Job u iPad 2 ကို “လက်ပေါ်မှာ လေဟုန်စီးနေတယ်”လို့ တင်စားခိုင်းနှိုင်းခဲ့တာပေါ့။ အဖြူ၊ အနက် အရောင်နှစ် မျိုးရွေးချယ်နိုင်တဲ့ iPad 2 ကို ပိုမိုပေါ့ပါးခိုင်ခံ့တဲ့ ပိုလီယူရီသိန်း အခွံကာဗာအရောင် (၅) မျိုးနဲ့ သားရေအခွံ (၅) မျိုးတို့ကို အရောင် (၁၀) မျိုးရွေးချယ်ဝယ်ယူ အသုံးပြုနိုင်မှာဖြစ် ပါတယ်။ ဒါ့အပြင် ရုံးသုံး၊ ကျောင်းသုံးတို့အတွက် အလွယ်တကူ စာစီစာရိုက်ဖို့နဲ့ ဗီဒီယိုကြည့်တဲ့အခါ၊ Video Chat အသုံးပြုတဲ့ အခါတို့မှာ အဆင်ပြေစေဖို့ ထောင့်ချိုးခေါက်ပြီး ထောင်လျက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အာရုံခံကိရိယာ

iPhone 4 နဲ့ စတုတ္ထမျိုးဆက် iPod Touch တို့မှာ ထည့်သွင်းပေးထားတဲ့ အနားသုံးဖက် Gyroscope ကို iPad 2 မှာ အားဖြည့်ထည့်ပေး ထားတာကြောင့် 3D လုပ်ဆောင် ချက်တွေ၊ Gameloft ရဲ့ သိပ္ပံအပစ် အခတ်ဂိမ်းတွေဖြစ်တဲ့ N.O.V.A 2 တို့ကို ဆော့ကစားတဲ့ အခါတို့မှာ ပိုမိုတိကျသေချာတဲ့ ပစ်ခတ်မှုတွေနဲ့ အားရပါးရ လှည့်ပတ်ကစားနိုင်မှာဖြစ် ပါတယ်။

ဘက်ထရီ

ပိုမိုမြန်ဆန်တဲ့ Processor ၊ ပါးလွှာပေါ့ပါးတဲ့ ဒီဇိုင်းနဲ့ကင်မရာနှစ်လုံး တို့ကြောင့် ပါဝါပိုစားမယ်လို့ ထင်ရပေမယ့် ယခင် iPad လိုပဲ (၁၀) နာရီအသုံးပြုနိုင်အောင် ဖန်တီးပေး ထားပါတယ်။ ဒါကြောင့်လည်း ထွက်ရှိပြီး Tablet တွေ၊ Black Berry Playbook တို့ထက် ပိုမိုသာလွန် တယ်လို့ အများက လက်ခံခဲ့ကြတာ ဖြစ်ပါတယ်။

ဆော့ဖ်ဝဲလ်

iOS Versio အသစ်ဖြစ်တဲ့ (၄.၃) ကိုအသုံးပြုပေးထားတာကြောင့် Features အသွင်သစ်တွေ၊ တိုးတက်ပြောင်းလဲလာတဲ့ အသစ်အဆန်း လုပ်ဆောင်ချက်တွေကို မျက်ဝါးထင်ထင် မြင်တွေ့ရစေမယ်လို့ Apple က ဆိုပါတယ်။ ဒါ့အပြင် App Store ကနေ iPad အတွက်သီးသန့်ဖန်တီး ပေးထားတဲ့ Apps ပေါင်း (၆၅,ဝ၀ဝ) ကျော်ကို စိတ်ကြိုက် download ဆွဲအသုံးပြုနိုင်မှာက ဘာနဲ့မှမတူတဲ့ ဆွဲဆောင်မှုတစ်ခုပါ။ အထူးစိတ်ဝင် စားဖွယ်တစ်ရပ်ကတော့ iPad အတွက် သီးသန့်ဖန်တီးပေးထားတဲ့ Garage Band App ပါပဲ။ ဂစ်တာ၊ ဘေ့စ်၊ ဒရမ်၊ ပီယာနိုတို့နဲ့တွဲဖက်ကာ အသံသွင်းတာ၊ remix လုပ်တာတို့အပြင် အသံတုပြုလုပ်မယ့်လုပ် ဆောင်ချက်တွေပါ အသုံးပြုနိုင်မှာမို့ Music Crazy တွေကို အမိအရ ဖမ်းစားထားနိုင်ပါတယ်။ အသံသွင်း ပုံစံ (၈) မျိုး၊ အလွယ်တကူ Share လုပ်နိုင်မယ့် Option တို့က ဂီတသမားတွေ အတွက် အမှန်တကယ် အသုံးတည့်လှပါတယ်။

အားနည်းချက်

သတင်းအမျိုးမျိုး ထွက်ရှိခဲ့ပေမယ့် တကယ်တမ်းထွက်လာတဲ့အခါ မှာတော့ USB Port နဲ့ Memory Card Slot တို့ပါမလာပါဘူး။ ဒါ့အပြင် resolution အမြင့် Retina Display ကိုလည်း ထည့်သွင်းအသုံး ပြုခြင်းမရှိပါဘူး။ Safari Browser ကလည်း Flash ထောက်ပံ့မပေး ထားတာကြောင့် Website အားလုံး ကို ပံ့ပိုးမပေးနိုင်ပါဘူး။ အချုပ်ဆိုရရင် ပရိသတ်မျှော်လင့်သလောက် အလုံးစုံပြုပြင်ပြောင်း လဲလာခြင်းမရှိဘဲ တိုးတက်ပြောင်း လဲလာတာပဲတွေ့ရတဲ့ iPad 2 မှာ မူလ iPad ရဲ့အားနည်းချက်အချို့က ကျန်ရှိနေဆဲတွေ့ရပါတယ်။ ဒါပေမဲ့ ပိုမို ပေါ့ပါးမြန်ဆန်လာတဲ့ iPad 2 ကို Version နဲ့ AT & T တို့ကတစ်ဆင့် ယခင်ဈေးနှုန်းဒေါ်လာ (၄၉၉) နဲ့ပဲရောင်းချပေးမှာကတော့ စိတ်ဝင်စားစရာပါ။ ဒါ့အပြင် မူလ iPad ကို ဒေါ်လာ (၁၀ဝ) လျှော့ချရောင်းချ ပေးမှာဆိုတော့ ထိပ်ဆုံးနေရာက ဖယ်မပေးချင်တဲ့ Apple ရဲ့သဘော ထားကို ထင်ရှားစေခဲ့ပါပြီ။ ယခင် iPad ရဲ့ပေါက်ချက်ကို မီ၊ မမီဆို တာကတော့ မတ်လ (၁၁) ရက်နေ့ ကျမှပဲ အကဲဖြတ်လိုက်ကြပါစို့လား။

နှိုင်းယှဉ်ချက် iPad
iPad 2
အထူ 13.4 mm
8.8 mm
အလေးချိန် 1.5-1.6 ပေါင် 1.33-1.35 ပေါင်
အရှေ့ကင်မရာ မပါဝင် VGA
အနောက်ကင်မရာ မပါဝင် 720 Pixels
သိုလှောင်မှတ်ဉာဏ် 16GB/32GB/64GB
16GB/32GB/64GB
Screen မျက်နှာပြင် 9.7 လက်မ(LBD-Backlit IPS LCD)
9.7 လက်မ(LED-Backlit IPS LCD)
Resolution
1024 x 786
1024 x 786
Processor 1 GHz Apple A4
1 GHz dual-core Apple A5
Graphics Power VRSG x 535
9 time faster
Memory 256 MB RAM ?
WiFi
802.11 a/b/g/n
802.11 a/b/g/n
Bluetooth 2.1 EDR
2.1 EDR
Accelerometer 3-aris 3-aris
Gyroscope
မပါဝင် 3-aris
Celluar Radio
EDGE Plus Triband HSPA
EDGE Plus quandband HSPA or CDMA EV-DORev-A

Sunday, March 13, 2011

USB Thumb Drive ၏ လျှို့ဝှက်ချက် (၁၀)ခု

Hard Disk မှာ နေရာလွတ် နည်းပါးနေသူတွေအတွက် အလုပ်မှအိမ်၊ အိမ်မှကျောင်း၊ အချက်အလက် သင်ခန်းစာ၊ အလုပ်ဖိုင်တွေကို သယ်ဆောင်သွားလိုသူတွေအတွက်၊ စနစ်တစ်ခုလုံးကို လုံခြုံစိတ်ချမှုပြည့်ဝစွာ အလုပ်လုပ်လိုပြီး အစီအစဉ်တကျ ရှိလိုသူများအတွက် USB Thumb Drive ရဲ့ လျှို့ဝှက်ချက်လေးများကို စုစည်းဖော်ပြ လိုက်ပါတယ်။

1. USB Drive ကို icon အနေနဲ့ သုံးနိုင်ပါတယ်
တကယ်လို့ ကွန်ပျူတာမှာ USB Hub တစ်ခုကို ထားရှိသုံးစွဲမယ်ဆိုရင်၊ နောက်ပြီး USB အများကြီးနဲ့ Multiple USB port တွေ ထားရှိ သုံးစွဲမယ်ဆိုရင် အမျိုးမျိုး အစားစားကွဲပြားတဲ့ ကိုယ့်ရဲ့ USB ကို icon တွေအနေနဲ့ ဖော်ပြ ပေးထားနိုင်ပါတယ်။ အဲဒီလို ဖော်ပြပေးတဲ့ XP, Vista, Windows 7 တွေမှာ ပါဝင်တဲ့ custom icon တွေကို အသုံးပြုပြီး folder တွေကို icon ပုံစံချိန်းတဲ့ ပုံစံမျိုးအဆင့်ပဲ လွယ်လွယ်ကူကူ ရှိပါတယ်။ ပထမဦးဆုံးအနေနဲ့ (.ico) format ကို drive ထဲမှာ အရင် မောင်းထည့်ရပါမယ်။ အကယ်၍ web application တစ်ခုဖြစ်တဲ့ convert icon ကို အသုံးပြုလည်း ရပါတယ်။ icon ကို အမျိုးအစားကွဲပြားစွာနဲ့ USB မှာ ရည်ညွှန်းဖော်ပြပေးမှာ ဖြစ်တဲ့အတွက် ဘယ် USB က ဘာ file တွေ ပါဝင်တယ်ဆိုတာ အလွယ်တကူ သိရှိရမှာပါ။

2. Google ၏ OS ကို အိတ်ထဲ ထည့်ထားနိုင်ပါတယ်
Google ၏ OS ဖြစ်တဲ့ Chrome OS ကို USB drive ထဲမှာ ထည့်သွင်းပြီး ကိုယ့်ကွန်ပျူတာရဲ့ ဒုတိယ OS အဖြစ် ထားရှိ သုံးစွဲနိုင်ပါတယ်။ အလွန်မြန်ဆန်ပြီး ကိုယ့်စိတ်ကြိုက် custom ပြုလုပ်ထားနိုင်ပါတယ်။ ဒီဇိုင်း အဆင်အပြင်တွေကအစ ပါဝင်တဲ့ coding တွေကို သွားပြန်ပြီး ပြင်ဆင်ရေးသားနိုင်တဲ့ open source OS တစ်ခု ဖြစ်ပါတယ်။

3. Democra key ဖြင့် လုံခြုံစိတ်ချစွာ အလုပ်လုပ်သုံးစွဲနိုင်ပါတယ်
တကယ်လို့ USB drive ကိုဖြစ်စေ၊ PC ကိုဖြစ်စေ သုံးစွဲရတာ ကိုယ့်ရဲ့ကိုယ်ရေး အချက်အလက်တွေနဲ့ ကိုယ်ရေး ကိုယ်တာဖိုင်တွေ မလုံခြုံဘူးလို့ ခံစားရရင် Democra Key ကို download ရယူ၍ windows platform တွေပေါ် မှာ အလုပ်လုပ်နိုင်သော web application တစ်ခုလို သုံးစွဲနိုင်ပါတယ်။ အဲဒီအထဲမှာ ပုံရိပ်တည်းဖြတ်တာတွေ၊ email ဖွင့်စစ်တာတွေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို encrypt ပြုလုပ်တာတွေနဲ့ Internet ကို browse လုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။ လုံခြုံမှုအပြည့်အ၀ ရှိပါတယ်။

4. XBMC Media Center ကို ထည့်သွင်းထားနိုင်ပါတယ်
ကိုယ့် PC မှာ WMP player နဲ့ အခြား player များစွာရှိပေမယ့် XBMC live ကို ရယူပြီး drive ထဲကို ထည့်သွင်း ထားမယ်ဆိုရင် netbook မှာပဲဖြစ်ဖြစ်၊ laptop မှာပဲ ဖြစ်ဖြစ် media file တွေကို အလွယ်တကူ ကြည့်ရှုခံစား နိုင်ပါတယ်။ အဲဒီအထဲမှာ အလွယ်တကူနဲ့ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်နိုင်တဲ့ လမ်းညွှန်ချက်တွေကို သင်ခန်းစာ ဖိုင်တွေအနေနဲ့ ကြည့်ရှုပြီး လိုက်လံလုပ်ဆောင်နိုင်ပါတယ်။

5. Windows System တစ်ခုလုံးကို save လုပ်ထားနိုင်ပါတယ်
တကယ်လို့ Thumb drive ထဲမှာ Ubuntu စနစ်တစ်ခုလုံးကို ထည့်သွင်းထားမယ်ဆိုရင် windows ရဲ့စနစ်မှာ မှားယွင်းနေတဲ့အမှားတွေ၊ error တွေ အားလုံးကို ubuntu ကတစ်ဆင့် boot လုပ်ပြီး ၀င်ရောက်ကြည့်ရှုရင်း ပြင်ဆင်နိုင်ပါတယ်။ ထို့အတွက် ပုန်းအောင်းနေတဲ့ ဖိုင်တွေ၊ ဖိုင်ယောင်ဆောင်ထားတဲ့ virus တွေကို အလွယ် တကူ ကြည့်ရှုသတ်ပစ်နိုင်ပြီး drive space ကို သန့်သန့်ရှင်းရှင်း analyze လုပ်နိုင်ပါတယ်။ Partition လုပ်တာ တွေ၊ windows password တွေကို ပြန်ခေါ်တာနဲ့ ပျောက်ဆုံးနေတဲ့ file တွေကို ပြန်လည်ရှာဖွေတာတွေ ပြုလုပ် နိုင်ပါတယ်။ လုပ်ဆောင်ပုံ နည်းအသေးစိတ်ကို lifehacker.com မှာ ကြည့်ရှုနိုင်ပါတယ်။

6. USB Drive ကနေတစ်ဆင့် Windows စနစ်တစ်ခုလုံးကို အမိန့်ပေး ထိန်းချုပ်နိုင်ပါတယ်
Windows ပြန်လည်စတင်ချိန်မှာ USB drive ကနေ log off လုပ်တာတွေ၊ shut down လုပ်တာတွေကို USB drive ရဲ့ click ကို နှိပ်လိုက်တာနဲ့ အထဲထဲမှာ အမိန့်ပေး file တွေကို တန်းစီပြီး ထည့်သွင်းဖို့အတွက် coding တွေ လွယ်လင့်တကူ ရှိပါတယ်။

7. သယ်ဆောင်ရ လွယ်ကူသော Windows Suite တစ်ခုလုံးကို ထည့်သွင်းသွားနိုင်ပါတယ်
Portableapps.com မှာ ရွှေ့ပြောင်းသယ်ယူရလွယ်တဲ့ software ကလေးတွေ၊ ဥပမာ Photoshop, acrobat reader, firefox, gtalk စတဲ့ software ကလေးတွေကို download ရယူပြီး USB drive ထဲ ထည့်ထားမယ် ဆိုရင် windows အတွက် နေရာလွတ်တွေများစွာ ထွက်ပေါ်လာစေပါမယ်။ Memory အရမ်းစားတဲ့ software တွေ ဆိုလို့ရှိရင်လည်း memory အစား သက်သာသွားပါမယ်။ ဒါ့အပြင် ရုံးက ကွန်ပျူတာမှာ ကိုယ်လိုချင်တဲ့ software မရှိလို့ အိမ်ပြန်အလုပ်လုပ်လို့ မရတဲ့သူတွေအတွက်လည်း အချိန်ကုန်သက်သာ သွားစေပါတယ်။ Portable software တွေဟာ software ကြီးတွေက လွဲလို့ function အစုံအလင် ပါရှိပြီး ပုံမှန်အတိုင်း အလုပ် လုပ်နိုင်ပါတယ်။

8. USB Drive ထဲမှာ အရေးကြီး Data တွေကို ထားရှိနိုင်ပါတယ်
တစ်ချို့ မိသားစုနဲ့ ပတ်သက်တဲ့ ကိုယ်ရေးကိုယ်တာဖိုင်တွေ၊ ကိုယ့်ရဲ့ အကြံအစည်နဲ့ ပတ်သက်တဲ့ idea စိတ်ကူး တွေကို USB drive ထဲကို ထည့်သွင်းထားပြီး အဲဒီ USB ကို USB safeguard သုံးစွဲလိုက်မယ်ဆိုရင် USB ကို လက်လွတ်စပယ် ထားခဲ့မယ်ဆိုတာတောင်မှ ကိုယ့်ဖိုင်ကို ၀င်ကြည့်တဲ့အခါမှာ password တောင်းတာမျိုးတွေ၊ ဖိုင်ကို ၀ှက်ထားတာမျိုးတွေ၊ ဖိုင်ပုံစံ ဖျောက်ထားတာမျိုးတွေ လုပ်ထားနိုင်တဲ့အတွက် အဆင်ပြေပါတယ်။

9. လိုချင်တဲ့အချိန်တွေမှာ ဖိုင်တွေကို ရွှေ့ပြောင်းနိုင်ပါတယ်
USB drive နဲ့ hard drive ကြားထဲမှာ ဖိုင်တွေကို ရွှေ့ပြောင်းတာ အလွန်လွယ်ကူပါတယ်။ USB ရဲ့ နည်းပညာ မြင့်မားရင် မြင့်မားသလို ရွှေ့ပြောင်းရ လွယ်ကူပြီး မြန်ဆန်ပါတယ်။ တကယ်လို့ internet မှာ နာမည်ကြီးနေတဲ့ ဖိုင်တင်တဲ့ upload sharing site ဖြစ်ပြီး application မှာ ထုတ်ပေးထားတဲ့ drop box နဲ့ဆိုရင် USB ထဲက ဖိုင် တွေကို အဲဒီထဲထည့်တာတွေ၊ Online ပေါ်မှာ ကြည့်ရှုနေတဲ့အချိန်မှာ ရုံးကနေတစ်ဆင့် drop box ထဲ ထည့်သွင်းသိမ်းဆည်းထားပြီး အိမ်ကနေတစ်ဆင့် အလွယ်တကူ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

10. Linux OS ကို USB Drive ထဲ ထည့်သွင်းထားနိုင်ပါတယ်
Linux အနွယ်ဝင် OS တွေဟာ virus အန္တရာယ်ကင်းရှင်းစေပြီး သုံးစွဲရ လွယ်ကူတဲ့အပြင် အခုဆိုရင် ရွှေ့ပြောင်း သယ်ဆောင်ရ လွယ်ကူတဲ့ Portable Linux OS တွေပါ ထွက်ရှိလာတဲ့အတွက် drive ထဲကို ထည့်သွင်းထားပြီး အလုပ်လုပ်တဲ့အခါမှာ- ဥပမာ ရုံးမှာ virus တွေ အလွန်ကိုက်နေတဲ့အတွက် ရုံးက virus တွေ အိမ်က ကွန်ပျူတာကို ပါလာမှာ စိုးရိမ်နေသူများအတွက် အလွန် အသုံးဝင်ပြီး ရုံးမှအိမ်၊ အိမ်မှရုံး USB drive မှတစ်ဆင့် လွယ်ကူစွာ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

Windows 7 နှင့် တွဲသုံးသင့်သော Antivirus 10 မျိုး

List of Anti-Virus Software Compatible with Windows 7

Windows 7 တွင် လုံခြုံရေးဆိုင်ရာ feature အသစ်တွေ ပါဝင်လာပေမယ့် Antivirus ပရိုဂရမ်များကိုတော့ တွဲဖက် အသုံးပြုဖို့ လိုအပ်ပါတယ်။ အောက်ဖော်ပြပါ Antivirus ပရိုဂရမ် (၁၀)ခုကတော့ Windows 7 နဲ့ တွဲဖက်အသုံးပြု
သင့်တဲ့ Antivirus ပရိုဂရမ်များ ဖြစ်ပါတယ်..။


AVG Anti-Virus Free Edition
AVG 9.0 ကို အခမဲ့ဗားရှင်း AVG Anti-virus Free ဖြင့် ရရှိနိုင်သလို AVG Anti-virus, AVG Internet Security, AVG Internet Security Business Edition စတဲ့ ပုံမှန်နှစ်စဉ်ကြေး (Subscription Edition) ဖြင့်လည်း ရရှိနိုင်ပါတယ်။
Free Edition မှာ Anti-virus နဲ့ Anti-Spyware တွေကို အသုံးပြုနိုင်ပေမယ့် အလိုအလျောက် update ပြုလုပ်ပေးနိုင်မယ့် စနစ်တော့ ပါဝင်လာခြင်း မရှိပါဘူး။ Update ပြုလုပ်လိုတဲ့အခါမှာတော့ manual ဖြင့် ပြုလုပ်နိုင်ပါတယ်။
Subscription Edition မှာတော့ Free Edition မှာ ပါဝင်တဲ့ feature များကို အသုံးပြုနိုင်သလို Phishing နဲ့ Anti-rookit ကာကွယ်မှုစတဲ့ feature တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ AVG package နှင့်
ပတ်သက်ပြီး Mysticgeek's review of AVG Free တွင်လည်း အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။


Avast Anti-Virus Home
လက်ရှိ Avast version ကတော့ 4.8 ဖြစ်ပြီး Version 5.0 ကိုတော့ မကြာခင် အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ အခမဲ့အသုံးပြုနိုင်တဲ့ Home Edition နဲ့ နှစ်စဉ်ကြေး ပေးသွင်းကာ အသုံးပြုနိုင်တဲ့ Professional Edition
ဆိုပြီး ရရှိနိုင်ပါတယ်။ Home Edition မှာ Anti-virus, Anti-Spyware, Anti-rookit, Automatic update စတာတွေကို အသုံးပြုနိုင်ပြီး Professional Edition မှာတော့ Free Edition မှာပါဝင်တဲ့ feature အပြင်၊
အခြား feature မြောက်မြားစွာဖြင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Revies of Atast ခေါင်းစဉ်အောက်တွင်လည်း ၀င်ရောက်လေ့လာနိုင်ပါတယ်။

McAFee
McAFee 2010 ကို Virus Scan Plus, Internet Security, Total Protection စသည့် Home Edition သုံးမျိုးဖြင့် ရရှိနိုင်ပြီး Edition တစ်ခုစီတွင် Anti-Virus, Anti-Spyware, Anti-Phishing နဲ့ Firewall Protection
စတဲ့ feature တွေ ပါဝင်ပါတယ်။ အသေးစိတ် အကြောင်းအရာကိုတော့ McAFee မှာ ၀င်ရောက် ကြည့်ရှု့နိုင်ပါတယ်။

Norton Anti-Virus 2010
Norton 2010 ကို Internet Security, Anti-virus စသည့် version နှစ်မျိုးဖြင့် ရရှိနိုင်ပါတယ်။ ၎င်း version နှစ်မျိုးစလုံးတွင် Virus, Spyware, Trojan horse, Worm, Rookit တို့ ၀င်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်မယ့်
အချက်တွေ ပါဝင်ပါတယ်။ Internet Security version မှာ တော့ Firewall အတွက် နည်းလမ်းနှစ်မျိုး ပါဝင်ပြီး အခြားလုံခြုံရေး feature များလည်း ပါဝင်လာပါတယ်။ Norton website သို့ သွားရောက်ပြီး အသေးစိတ်ကြည့်ရှု့နိုင်ပါတယ်။

Kaspersky
Kaspersky ရဲ့ Antivirus 2010 နဲ့ Internet Security 2010 တို့ကို download ပြုလုပ် ကာ ရက် ၃၀ စမ်းသပ်သုံးစွဲနိုင်ပါ တယ်။ ၎င်းင်းဗားရှင်းနှစ်ခုစလုံးတွင် virus, spyware, Trojan, worm, bot
စသည်တို့ဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့အချက်တွေပါ ၀င်သည့်အပြင် phishing နဲ့ identity theft ကာကွယ်မှုစနစ်တွေ လည်းပါဝင်လာပါတယ်။ Internet Security ဗားရှင်းမှာတော့ applicaton
နဲ့ browser တို့မှ အချက်အလက်များကို ကာကွယ်ပေးနိုင်တဲ့ Safe Run လိုအဆင့်မြင့် feature တွေ ပါဝင် လာသည့်အပြင် application တွေရဲ့လုံခြုံ မှုကိုစစ်ဆေးပေးနိုင်တဲ့ Security Analyzer စတဲ့ feature တွေပါ ၀င်လာပါတယ်။

Trend
MicroTrend Micro က ထုတ်လုပ်တဲ့ Antivirus + Antispyware, Internet Security, Internet Security Pro တို့ကို အခမဲ့ စမ်းသပ်အသုံးပြုနိုင်ပါတယ်။ Version တစ်ခုစီမှာ Anti virus နဲ့ Anti sypware
ကာကွယ်မှုဖြင့် အသုံးပြုနိုင်ပြီး Internet Secruity Version တွင် Web ၊ E-mail နဲ့ Parental ကာကွယ်မှုစနစ်များကို အသုံးပြုနိုင်ပါတယ်။ အသေးစိတ်ကိုတော့ Trend Micro Site တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

Panda Security
Panda 2010 မှာတော့ Anti-virus Pro, Internet Security, Global Protection စတဲ့ version များဖြင့် ရရှိနိုင်ပြီး antivirus, anti-spyware, anti-phishing, firewall protection တို့ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Internet Security version တွင် anti-spam, parental control, backup စသည့် feature များ ထပ်ပေါင်းပါဝင်ပြီး Global Protection version မှာတော့ backup နဲ့ PC Tuneup feature များ ပါဝင်လာပါတယ်။
အသေးစိတ်ကိုတော့ Panda Security Site မှာ ၀င်ရောက်ကြည့်ရှု့နိုင်ပါတယ်။

PC Tools
Spyware Doctor ပါဝင်တဲ့ Antivirus 2010 ဟာ Virus, Spyware, Trojan, Adware, Worm, Keylogger စသည် များကို ဖယ်ရှားပေးနိုင်ပါတယ်။ PC Tools Site ရဲ့ Site မှာ ၀င်ရောက် လေ့လာ နိုင်ပါတယ်။

Sunbelt Software
Sunbelt Software ရဲ့ VIPRE (Virus Intrusion Protection Remendation Engine) ဟာ Windows 7 နဲ့ တွဲဖက် အသုံးပြုနိုင်တဲ့ Antivirus + Antispyware ပရိုဂရမ် တစ်ခုဖြစ်ပါတယ်။ Windows 7 ရဲ့ XP Mode
ဖြင့်လည်း အသုံးပြုနိုင်ပြီး ယင်းအတွက် လိုင်စင်ကြေးထပ်မံပေးသွင်းဖို့ မလိုတော့ပါဘူး။ Sunbelt Software Site မှာ ၀င်ရောက် လေ့လာနိုင်ပါတယ်။

Microsoft Security Essentials
Microsoft Security Essentials ဟာ အခမဲ့ download ပြုလုပ်ကာ အသုံးပြုနိုင်တဲ့ Antivirus ပရိုဂရမ် ဖြစ်ပါတယ်။ Virus, Spyware အပြင် အခြားအန္တရာယ်ရှိတဲ့ Rookit, Trojan စတဲ့ software တွေကို
ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် သံသယဖြစ်ဖွယ်ဖိုင်များနဲ့ ပရိုဂရမ်များ လှုပ်ရှားမှုများကိုလည်း စောင့်ကြည့်စစ်ဆေးပေးနိုင်ပြီး download ဖိုင်များနဲ့ attach file များကိုလည်း စစ်ဆေးပေးနိုင်ပါတယ်။
အသေးစိတ်ကိုတော့ Microsoft Security Essentials ရဲ့ site မှာ သွားရောက် download ပြုလုပ် နိုင်ပါတယ်။

Install Windows 7 From USB Drive

USB Flash Drive ကို အသုံးပြုပြီး Windows Vista, Windows 7 တင်လိုသူများအတွက် ရာနှုန်းပြည့် လုပ်ဆောင် ချက်များ ဖြစ်ပါသည်။
Memory Stick ဖြင့် Windows တင်ရန် bootable ပြုလုပ်ပုံမှာ နည်းစနစ်များစွာအနက်မှ ယခုလုပ်ဆောင်မှုမှာ အလွယ်ကူဆုံးဖြင့် မိနစ်ပိုင်းအတွင်း ပြီးစီးစေမည်ဖြစ်သည်။

Requirements:

(1) Memory Stick အနည်းဆုံး 4GHz ရှိရန် လိုအပ်ပါမည်။
(2) အသုံးပြုလိုသည့် Windows 7 (or) Windows Vista အခွေလည်း အဆင်သင့် ရှိထားရန်လိုအပ်ပါသည်။
(3) Memory Stick ကို ကွန်ပျူတာရှိ USB Port တွင် တပ်ဆင်လိုက်ပါ။
(4) ထို့နောက် Keyboard မှ Windows Key + R ကို တွဲနှိပ်လျှက် Run ကို ဖွင့်လိုက်ပါ။
(5) Run box ထဲတွင် cmd ဟု ရိုက်ထည့်၍ Enter key ကို နှိပ်လိုက်ပါ။
(6) Command Prompt ထဲတွင် DISKPART ဟု ပထမဦးစွာ ရိုက်ထည့်လိုက်ပါ။ အောက်ပါအတိုင်း မြင်တွေ့ ရမည်ဖြစ်ပါသည်။
(7) ထပ်မံပြီး LIST DISK ဟု ရိုက်ထည့်ပါ။ အောက်ပါအတိုင်း မြင်တွေ့ရမည်ဖြစ်သည်။ သင့် Memory Stick ရဲ့ Size အရွယ်အစားကိုတော့ ကြိုတင်၍ သတိပြုကြည့်ထားပါ။
Disk 0 မှာ 298 GB ဖြစ်ပြီး၊ Disk 1 မှာ 3836 MB ဖြစ်သည်။ ထို့ကြောင့် အောက်ဖော်ပြပါပုံအရ ကျွန်ုပ်၏ Memory Stick Size မှာ Disk 1 ကို ကိုယ်စားပြုထားပါသည်။

အကယ်၍ သင့်မှာ Drive (၂)ခု ရှိခဲ့ပါက Disk 2 ဟု ရိုက်ထည့်ရပါမယ်။ မသေချာပါက Hard Disk တစ်ခုတည်း သာထားရှိသော စက်တွင်သာ ပြုလုပ်ပါစေလိုပါတယ်။
တစ်စုံတစ်ရာ Drive Letter အညွှန်းမှားယွင်း ရိုက်ထည့် မိပါက Drive ရှိ Partition Table (MBR) ပျက်ဆီးကာ Drive Letter များ ပျောက်ဆုံးသွားတတ်ပါသည်။ ထို့ကြောင့် သေချာစွာ ဂရုပြုစေလိုပါတယ်။ ကိုယ်တွေ့ပါပဲ။ :)

ထပ်မံပြီး အောက်ပါအတိုင်း ရိုက်ထည့်လိုက်ပါတယ်။



SELECT DISK 1

CLEAN

CREATE PARTITION PRIMARY

SELECT PARTITION 1

ACTIVE

FORMAT FS=NTFS

(Format လုပ်ရန် အချိန်အနည်းငယ် စောင့်ဆိုင်းရပါမည်)

ASSIGN

EXIT

Command Prompt မှ မထွက်ပါနဲ့အုံး။ Minize လုပ်ထားလိုက်ပါ။ ထို့နောက် Windows 7 (သို့) Vista ခွေကို သင့် DVD Drive ထဲသို့ ထည့်ပေးလိုက်ပါ။ သင့် Drive ရဲ့ Drive Letter ကို ကြိုတင်မှတ်သားထားပါ။
ယခု ဖော်ပြထားသည့် နမူနာ လုပ်ဆောင်ချက်အရ CD Drive ကို (D:) ဟု သတ်မှတ်ပြီး၊ USB Drive Letter ကိုတော့ (H:) လို့ သတ်မှတ်ထားတယ်ဆိုပါစို့။

ဒါကြောင့် Command Prompt ကို ပြန်ဖွင့်လိုက်ပြီး-

D: CD BOOT
ဟု ရိုက်ထည့်ပါ။ ( D: ဆိုသည်မှာ သင့်စက်ရှိ DVD Drive တပ်ဆင်ထားသော location ကို ညွှန်းပါသည်။)

CD BOOT
ဟု ရိုက်ထည့်လိုက်ပါအုံး။ ဒါဆိုရင် အောက်ပါအတိုင်း message များကို မြင်တွေ့ရမည်ဖြစ်ပါသည်။ ထို့နောက်

BOOTSECT.EXE /NT60 H:
ဟု ရိုက်ထည့်လိုက်ပါအုံး။ USB Drive အတွက် BOOTMGR ကို အဆင်ပြေစေမယ့် command ဖြစ်ပါတယ်။
(H: ဆိုသည်မှာ သင့်ရဲ့ Memory Stick ကို ကိုယ်စားပြုပါတယ်။)


ဒါဆိုရင် Windows7 ခွေထဲက File အားလုံးကို Copy ကူးယူ၍ Memory Stick အတွင်းသို့ ထည့်ပေးလိုက်ပါ။ သင့်အတွက် လွန်စွာအသုံးတည့်စေမယ့် USB Bootable, Windows 7 Version Stick လေးကို ပိုင်ဆိုင်သွားပြီ ပေါ့။ အဆင်ပြေကြပါစေဗျား။

Thursday, March 10, 2011

ကလေးများအတွက် Intel နှင့် Lenovo တို့ က Netbook ထုတ်

Lenovo သည် Intel နှင့် တွဲဖက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ကလေးများအတွက် ရည်ရွယ်ပြီး Classmate+ အမည်ရသော netbook ကို လွှင့်တင်လိုက်သည်။
Classmate+ တွင် Atom N455 CPU, 1 or 2 GB of RAM နှင့် ၀င်းဒိုး ၇ တို့ပါဝင်ပြီး 10.1-inch anti-glare screen, 1.3 megapixel camera တခု၊
Wi-Fi, စပီကာ ၂ လုံးနှင့် 3-cell သို့မဟုတ် 6-cell ဘက်ထရီတခုခု ရွေးချယ်မှုတခုတို့ လည်း ပါရှိသည်။
သိုလှောင်နိုင်မှု option များတွင် 8 GB သို့မဟုတ် 16 GB SSD တခုဖြစ်စေ၊ 160 သို့မဟုတ် 250 GB HDD တခုခု ဖြစ်သည်။
အလေးချိန်မှာ သေးငယ်သော ဘက်ထရီတခုနှင့်အတူ ၁.၃၃ kg နှင့် 6-cell ဗားရှင်းဖြင့် ၁.၅၄ kg အသီသီး ဖြစ်သည်။
Classmate+ netbook ကို store များတွင် ရရှိမည်မဟုတ်ဘဲ ၎င်းကို ပညာရေးနယ်ပယ်ရှိ တက္ကသိုလ်များနှင့် agencies များတွင်သာ ရောင်းချလိမ့်မည်။
ပထမအသုတ်အဖြစ် ၁၅၈,၀၀၀ အလုံးရေကို အာဂျင်တီးနားတွင် ကျောင်းသားများအား ဖြန့်ချိသွားမည်ဖြစ်သည်။


ကျနော့်ကို ဆက်သွယ်လိုသူများ tgtsmung@gmail.comကိုဆက်သွယ်နိုင်ပါသည်။

Gmail ထဲကိုသူများတွေဝင်နေပီလား ကဲ...ဒီနည်းလေးနဲ့စစ်ဆေးလိုက်ပါ

ကိုယ့် Gmail ကို သူများဝင်သုံးနေလားဆိုပြီး အရင်က သံသယရှိသူ၊ စစ်ချင်သူများ ၀မ်းမြောက်ဖွယ် ...။
Google မှ Gmail တွင် ၀င်ရောက်အသုံးပြုသွားသူ၏ IP Address အားဖေါ်ပြပေးထားပါပြီ။
Gmail ၏ ပထမစာမျက်နှာ အောက်ဆုံးနားသို့ သတိထားကာသွားကြည့်လျှင် ..ယခုကဲ့
သို့
This account is open in 1 other location (xxx.xxx.xxx.xxx) Last account activity 5 Hours ago.
ဆိုပြီး စာသားလေးမြင်ရလိမ့်မည်။ ပြည့်ပြည့်စုံစုံ ကြည့်ချင်ပါက ဘေးနားရှိ Detail ဆိုသော လင့်ကလေးနှိပ်ပါက ..ယခုကဲ့သို့
IP Address များကို မြင်ရမည်ဖြစ်ပြီး ကိုယ့်အကောင့်ကို သူများ သုံးခဲ့ဘူးသလား၊ ဘယ်နေရာကလဲ စသဖြင့် သိနိုင်ပါပြီ။
အကယ်လို့များ တို
က်တိုက်ဆိုင်ဆိုင် ကိုယ်ကြည့်နေတုန်းမှာ တဘက်မှာလဲ ကိုယ်မသိအောင် ၀င်သုံးနေပါက
Concurrent Session Information တွင် IP များ တစ်ခုထက်ပိုေ
တွ့နေရမည်ဖြစ်ပြီး သူတို့ကိုပါ
Logout လု
ပ်ပြစ်ချင်ပါက အောက်နားရှိ Sign Out all other sessions ခလုပ်ကလေးနှိပ်ပါက ရှိသမျှ တပြိုင်နက်သုံးနေသော
ယူဆာများကို Logout လုပ်နိုင်ပါတယ်၊ ပြီးလျှင်တော့ ကိုယ်က Password ပြောင်းလိုက်ပေတော့ဗျာ..။

ကျနော့်ကို ဆက်သွယ်လိုသူများ tgtsmung@gmail.comကိုဆက်သွယ်နိုင်ပါသည်။