Monday, March 21, 2011

၂၀၁၂ ၌ Microsoft က Windows ဗားရှင်း သစ် ထုတ်လုပ် ဖွယ်ရှိ

Microsoft က Tablet ၌ အသုံး ပြုရန် ရည်ရွယ် သည့် Windows ဗား ရှင်းသစ် တစ်ခုကို လွှင့်တင် ဖွယ် ရှိကြောင်း သိရှိရ သည်။ ယခု နောက်ဆုံးပေါ် Tablet များ၌ Windows 7 နှင့် အသုံးပြုရန် လျော်ညီမှု မရှိခြင်း ကြောင့် Windows ဗားရှင်း သစ် ထုတ်လုပ် မည့် သတင်း မှာ မှန်ကန် နိုင်ကြောင်း အကဲခတ် များက ဆိုသည်။

Windows Mobile 6 မှသည် Windows Phone 7 ထုတ် လုပ်ရန် ကာလကြာရှည်စွာ အချိန် ယူရသကဲ့သို့ Apple ၏ iOS နှင့် Google ၏ Honeycomb တို့နှင့် ယှဉ် ပြိုင်နိုင်ပြီး user များ၏ လက်တွေ့ လိုအပ်ချက် များကို ဖြည့်ဆည်းနိုင် ရန် အချိန် ကာလ အတိုင်း အတာ တစ်ခု ယူရမည် ဖြစ်သည်။

အဆိုပါ Windows ဗားရှင်း သစ် Windows 8 ကို ၂၀၁၂ ခုနှစ်၌ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းကြ သည်။ ယခင်က Windows 8 စမ်း သပ်ဗားရှင်းသစ်ကို ယခုနှစ် စက် တင်ဘာလ၌ တွေ့ရှိရမည်ဟုယူဆ ခဲ့သော်လည်း ၂၀၁၂ ခုနှစ်ထဲရောက် မှသာ ပေါ်ထွက်ဖွယ်ရှိသည်။ Microsoft ၏ Windows 8 သည် Tablet နယ်ပယ် ၌ iPad 3 နှင့်ယှဉ်ပြိုင်မည်ဖြစ်သည်။ နည်းပညာအဆင့်မြင့် Android Tablet များနှင့် RIM ၏ ဒုတိယမျိုးဆက် သစ် Play Book များ၌ အသုံးပြုမည့် အသုံးပြုရန် ရည်ရွယ်ထားသည့် Microsoft ၏ ဆတ်ခ်ျအင်ဂျင် Bing နှင့် Windows Phone 7 များမှာ ဈေး ကွက်၌၀ယ်လိုအားနှေးသော်လည်း Nokia နှင့်တွဲဖက်ပြီး ခြေလှမ်းသစ် များဖြင့် ယှဉ်ပြိုင်နိုင်ဖွယ်ရှိကြောင်း နှင့် ၎င်း၏ချို့ယွင်းချက်များမှ သင် ခန်းစာယူပြီး သည်းခံစိတ်ရှည်စွာ ကြိုးစားရန် Microsoft မှ နားလည် သဘောပေါက်ထားကြောင်း သိရှိရ သည်။