Monday, March 21, 2011

APPLE ချစ်သူ တွေကို ရင်ခုန်သံ မြန်စေ ဦးမယ့် iPAD 2




နားမဆံ့အောင် ကြားနေရတဲ့ ကောလာ ဟလတွေ၊ လည်တဆန့်ဆန့် နဲ့ စောင့်မျှော် နေကြတဲ့ ပန်းသီး ချစ်သူတွေ၊ နည်းပညာ ပစ္စည်းတွေကို ရူးသွပ်ခုံမင်ကြတဲ့ ဒီနေ့ခေတ်လူသားတွေရဲ့မျှော်လင့်ချက်တွေကို အပြည့်အဝဖြည့်စွမ်း ပေးမယ့် iPad 2 Tablet ကို Apple ရဲ့ အမှုဆောင်အရာရှိချုပ် Steve Jobs ကိုယ်တိုင် နေမကောင်းတဲ့ကြားက စတင်မိတ်ဆက် ပြသပေးခဲ့ပါတယ်။ မူလ iPad ထက်ပါးလွှာပေါ့ပါးပြီး လုပ်ဆောင်ချက် ပိုမိုမြန်ဆန်လာတာကြောင့် iPad 2 က iPad ရဲ့ရောင်းအားကို ကျော်လွန်သွားလိမ့်မယ်လို့ Steve Jobs က ဟောကိန်းထုတ်ထားပါ တယ်။ သန့်ပြန့်တဲ့အဖြူရောင်နဲ့ တောက်ပြောင်တဲ့ အနက်ရောင်နှစ်မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး ဈေးနှုန်းက လည်း ယခင် iPad အတိုင်းပဲ ရောင်းချပေးမှာဆိုတော့ ပရိသတ်စိတ်ကြိုက်ဖြစ်စေမှာပါ။

အမြန်နှုန်း

ယခင် iPad နဲ့အဓိကခြားနား ချက်ကတော့ 1 GHz A5 အမျိုးအစား Dual-Core Processor ကို ထည့်သွင်းပေးထားတာက အင်ဂျင်နှစ်လုံး တပ်ဆင် ပေးထားတဲ့ပြိုင်ကား လိုပဲ၊ အမြန်နှုန်းမှာတော့ ထိပ်တန်း ပါပဲ။ Web Page တွေဝင်ရောက် ကြည့်ရှုကာ၊ ဗီဒီယိုဖိုင်တွေ Download ဆွဲတာ၊ ကြည့်ရှုတာနဲ့ iPad 2 ရဲ့ Apps တွေအသုံးပြုတဲ့ အခါတို့မှာလည်း စွမ်းဆောင်ရည်အထူး ကောင်းမွန်လာတာ တွေ့ရပါတယ်။ ဂိမ်းဆော့တဲ့ အခါမှာလည်း ဂရပ်ဖစ် စွမ်းဆောင်ရည်က ယခင် iPad ထက် (၉) ဆပိုမိုမြန်ဆန် လာတာတွေ့ ရပါတယ်။

ကင်မရာ

720 P အပြည့် HD အရည်အသွေး ဗီဒီယိုရိုက်ကူးပေးနိုင်တဲ့ Main ကင်မရာနဲ့ 2 MP ရှိတဲ့ Front-facing ကင်မရာကို Video Chat အတွက် ထည့်သွင်းပေး ထားတာက ယခင် iPad ထက်ပိုမိုပြည့်စုံလာတဲ့ အချက်တွေပါ။ ၁၀ လက်မအပြည့် Screen ပေါ်မှာ Video Chat သုံးတဲ့အခါ တစ်ဖက် အသုံးပြုသူရဲ့ ကြည်လင်တဲ့ ပုံရိပ်က အခြားဘယ် Tablet ထက်မဆို ပိုမိုသာလွန်တယ်လို့ ဆိုပါတယ်။ တစ်ဖက်လူက ပြန်လည်ဖြေဆိုတဲ့ အပေါ် မှာ ကိုယ့်ရဲ့ပုံရိပ်ကလည်း ဘောင်သေးသေးပေါ်လာမှာ ဖြစ်ပြီး Screen ရဲ့ ဘယ်နေရာမဆို လက်ညှိုးနဲ့ရွှေ့ ပြောင်းနိုင်ပါတယ်။ ရိုက်ကူးပြီး ဓာတ်ပုံ၊ ဗီဒီယိုတွေကို စိတ်ကြိုက် Edit ပြုလုပ်နိုင်မယ့် iMobe App ကို လည်း ဒေါ်လာ (၄ .၉၉) နဲ့ဝယ်ယူ အသုံးပြုနိုင်ပြီး HDTV,Projector နဲ့ အခြားကွန်ပျူတာ ပစ္စည်းတွေနဲ့ချိတ် ဆက်အသုံးပြုနိုင်မယ့် HDMI Accessory ကိုလည်း တပ်ဆင်အသုံးပြုနိုင်ပါတယ်။

ကိုယ်ထည်ဒီဇိုင်း

မူလ iPad ထက် သုံးပုံတစ် ပုံပိုမိုပါးလွှာလာတဲ့ i Pad 2 က (၈ . ၈) မီလီမီတာသာရှိပြီး အလေးချိန် ကလည်း (၁ .၃) ပေါင်သာရှိတာ ကြောင့် (၁ .၄) ပေါင်ရှိတဲ့ယခင် iPad ထက် (၁၅) ရာခိုင်နှုန်းပိုပေါ့ လာပါတယ်။ ဒါကြောင့်လည်း Steve Job u iPad 2 ကို “လက်ပေါ်မှာ လေဟုန်စီးနေတယ်”လို့ တင်စားခိုင်းနှိုင်းခဲ့တာပေါ့။ အဖြူ၊ အနက် အရောင်နှစ် မျိုးရွေးချယ်နိုင်တဲ့ iPad 2 ကို ပိုမိုပေါ့ပါးခိုင်ခံ့တဲ့ ပိုလီယူရီသိန်း အခွံကာဗာအရောင် (၅) မျိုးနဲ့ သားရေအခွံ (၅) မျိုးတို့ကို အရောင် (၁၀) မျိုးရွေးချယ်ဝယ်ယူ အသုံးပြုနိုင်မှာဖြစ် ပါတယ်။ ဒါ့အပြင် ရုံးသုံး၊ ကျောင်းသုံးတို့အတွက် အလွယ်တကူ စာစီစာရိုက်ဖို့နဲ့ ဗီဒီယိုကြည့်တဲ့အခါ၊ Video Chat အသုံးပြုတဲ့ အခါတို့မှာ အဆင်ပြေစေဖို့ ထောင့်ချိုးခေါက်ပြီး ထောင်လျက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အာရုံခံကိရိယာ

iPhone 4 နဲ့ စတုတ္ထမျိုးဆက် iPod Touch တို့မှာ ထည့်သွင်းပေးထားတဲ့ အနားသုံးဖက် Gyroscope ကို iPad 2 မှာ အားဖြည့်ထည့်ပေး ထားတာကြောင့် 3D လုပ်ဆောင် ချက်တွေ၊ Gameloft ရဲ့ သိပ္ပံအပစ် အခတ်ဂိမ်းတွေဖြစ်တဲ့ N.O.V.A 2 တို့ကို ဆော့ကစားတဲ့ အခါတို့မှာ ပိုမိုတိကျသေချာတဲ့ ပစ်ခတ်မှုတွေနဲ့ အားရပါးရ လှည့်ပတ်ကစားနိုင်မှာဖြစ် ပါတယ်။

ဘက်ထရီ

ပိုမိုမြန်ဆန်တဲ့ Processor ၊ ပါးလွှာပေါ့ပါးတဲ့ ဒီဇိုင်းနဲ့ကင်မရာနှစ်လုံး တို့ကြောင့် ပါဝါပိုစားမယ်လို့ ထင်ရပေမယ့် ယခင် iPad လိုပဲ (၁၀) နာရီအသုံးပြုနိုင်အောင် ဖန်တီးပေး ထားပါတယ်။ ဒါကြောင့်လည်း ထွက်ရှိပြီး Tablet တွေ၊ Black Berry Playbook တို့ထက် ပိုမိုသာလွန် တယ်လို့ အများက လက်ခံခဲ့ကြတာ ဖြစ်ပါတယ်။

ဆော့ဖ်ဝဲလ်

iOS Versio အသစ်ဖြစ်တဲ့ (၄.၃) ကိုအသုံးပြုပေးထားတာကြောင့် Features အသွင်သစ်တွေ၊ တိုးတက်ပြောင်းလဲလာတဲ့ အသစ်အဆန်း လုပ်ဆောင်ချက်တွေကို မျက်ဝါးထင်ထင် မြင်တွေ့ရစေမယ်လို့ Apple က ဆိုပါတယ်။ ဒါ့အပြင် App Store ကနေ iPad အတွက်သီးသန့်ဖန်တီး ပေးထားတဲ့ Apps ပေါင်း (၆၅,ဝ၀ဝ) ကျော်ကို စိတ်ကြိုက် download ဆွဲအသုံးပြုနိုင်မှာက ဘာနဲ့မှမတူတဲ့ ဆွဲဆောင်မှုတစ်ခုပါ။ အထူးစိတ်ဝင် စားဖွယ်တစ်ရပ်ကတော့ iPad အတွက် သီးသန့်ဖန်တီးပေးထားတဲ့ Garage Band App ပါပဲ။ ဂစ်တာ၊ ဘေ့စ်၊ ဒရမ်၊ ပီယာနိုတို့နဲ့တွဲဖက်ကာ အသံသွင်းတာ၊ remix လုပ်တာတို့အပြင် အသံတုပြုလုပ်မယ့်လုပ် ဆောင်ချက်တွေပါ အသုံးပြုနိုင်မှာမို့ Music Crazy တွေကို အမိအရ ဖမ်းစားထားနိုင်ပါတယ်။ အသံသွင်း ပုံစံ (၈) မျိုး၊ အလွယ်တကူ Share လုပ်နိုင်မယ့် Option တို့က ဂီတသမားတွေ အတွက် အမှန်တကယ် အသုံးတည့်လှပါတယ်။

အားနည်းချက်

သတင်းအမျိုးမျိုး ထွက်ရှိခဲ့ပေမယ့် တကယ်တမ်းထွက်လာတဲ့အခါ မှာတော့ USB Port နဲ့ Memory Card Slot တို့ပါမလာပါဘူး။ ဒါ့အပြင် resolution အမြင့် Retina Display ကိုလည်း ထည့်သွင်းအသုံး ပြုခြင်းမရှိပါဘူး။ Safari Browser ကလည်း Flash ထောက်ပံ့မပေး ထားတာကြောင့် Website အားလုံး ကို ပံ့ပိုးမပေးနိုင်ပါဘူး။ အချုပ်ဆိုရရင် ပရိသတ်မျှော်လင့်သလောက် အလုံးစုံပြုပြင်ပြောင်း လဲလာခြင်းမရှိဘဲ တိုးတက်ပြောင်း လဲလာတာပဲတွေ့ရတဲ့ iPad 2 မှာ မူလ iPad ရဲ့အားနည်းချက်အချို့က ကျန်ရှိနေဆဲတွေ့ရပါတယ်။ ဒါပေမဲ့ ပိုမို ပေါ့ပါးမြန်ဆန်လာတဲ့ iPad 2 ကို Version နဲ့ AT & T တို့ကတစ်ဆင့် ယခင်ဈေးနှုန်းဒေါ်လာ (၄၉၉) နဲ့ပဲရောင်းချပေးမှာကတော့ စိတ်ဝင်စားစရာပါ။ ဒါ့အပြင် မူလ iPad ကို ဒေါ်လာ (၁၀ဝ) လျှော့ချရောင်းချ ပေးမှာဆိုတော့ ထိပ်ဆုံးနေရာက ဖယ်မပေးချင်တဲ့ Apple ရဲ့သဘော ထားကို ထင်ရှားစေခဲ့ပါပြီ။ ယခင် iPad ရဲ့ပေါက်ချက်ကို မီ၊ မမီဆို တာကတော့ မတ်လ (၁၁) ရက်နေ့ ကျမှပဲ အကဲဖြတ်လိုက်ကြပါစို့လား။

နှိုင်းယှဉ်ချက် iPad
iPad 2
အထူ 13.4 mm
8.8 mm
အလေးချိန် 1.5-1.6 ပေါင် 1.33-1.35 ပေါင်
အရှေ့ကင်မရာ မပါဝင် VGA
အနောက်ကင်မရာ မပါဝင် 720 Pixels
သိုလှောင်မှတ်ဉာဏ် 16GB/32GB/64GB
16GB/32GB/64GB
Screen မျက်နှာပြင် 9.7 လက်မ(LBD-Backlit IPS LCD)
9.7 လက်မ(LED-Backlit IPS LCD)
Resolution
1024 x 786
1024 x 786
Processor 1 GHz Apple A4
1 GHz dual-core Apple A5
Graphics Power VRSG x 535
9 time faster
Memory 256 MB RAM ?
WiFi
802.11 a/b/g/n
802.11 a/b/g/n
Bluetooth 2.1 EDR
2.1 EDR
Accelerometer 3-aris 3-aris
Gyroscope
မပါဝင် 3-aris
Celluar Radio
EDGE Plus Triband HSPA
EDGE Plus quandband HSPA or CDMA EV-DORev-A